International News

ဩစတြေးလျကို ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု နေရာအဖြစ် မြှင့်တင် ဆောင်ရွက်မည်

Last Updated:

ကမ္ဘာ့အကြီးဆုံးစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးအစီအစဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် နိုင်ငံပေါင်း (၁၉၂) နိုင်ငံပါဝင်သော ၂၀၂၀ ဒူဘိုင်းကုန်စည်ပြပွဲ တွင် ဩစတြေးလျနိုင်ငံကို ကမ္ဘာ့ဦးဆောင်ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုနေရာတစ်ခုအဖြစ် မြှင့်တင် ဆောင် ရွက်မည်ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၏ (၃-၁၀-၂၀၂၁) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဝန်ကြီး Mr. Dan Tehan က ကုန်စည်ပြပွဲသည် နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုကိုပိုမိုအားကောင်းစေပြီး၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဖြစ် ကြောင်း၊ ၂၀၂၀ ဒူဘိုင်းကုန်စည်ပြပွဲသည် ဩစတြေးလျနိုင်ငံကို စီးပွားရေးနှင့် စက်မှုလက်မှု ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး၊ ယူအေအီး၊ အရှေ့အလယ်ပိုင်းဒေသနှင့် နိုင်ငံတကာ၌ ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအသစ်များကို ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ထုတ် ဖော်ပြောကြားထားပါသည်။

ဩစတြေးလျနိုင်ငံသည် အစားအသောက်၊ လယ်ယာစီးပွားရေး၊ အဆင့်မြင့် ထုတ်လုပ်မှုနှင့် အာကာသ၊ သတ္တုတူးဖော်ရေးနှင့် ရင်းမြစ်များ၊ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံနှင့် ဒစ်ဂျစ်တယ် နည်းပညာစသည့် အဓိကလုပ်ငန်းကဏ္ဍများရှိ စီးပွားရေးအခွင့်အလမ်းများကို ရည်မှန်းချက်ထား၍ ပါဝင်ပြသသွားမည် ဖြစ်ကြောင်း၊ ဩစတြေးလျ ပြခန်းများတွင် လူကိုယ်တိုင်နှင့် Virtual အစီအစဉ်များ ပေါင်းစပ်၍ ကမ္ဘာ့အဆင့် စွမ်းရည်များကို ပြသသွား မည်ဖြစ်ကြောင်းနှင့် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ပြခန်းများသည် ဩစတြေးလျနိုင်ငံ၏ တီထွင်ဖန်တီးမှု၊ မတူကွဲပြားမှု၊ ဇည့်ဝတ်ကျေပွန်မှုတို့ကို ဖော်ထုတ်သရုပ်ပြသွားမည်ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဆွဲဆောင်မှုရှိသည့်အပြင် ကျောင်းသားများနှင့် ခရီးသွားများအတွက်လာရောက် လည်ပတ်သင့်သော နေရာတစ်ခု အဖြစ် ဖော်ထုတ်တင်ပြသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

(၆) လတာ Dubai Expo တွင် ဩစတြေးလျပြခန်းသည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ပေါင်း (၁၄၀) ကျော်၊ ဖျော်ဖြေတင်ဆက်သူ (၁၈၀) ဦး၊ အားကစား လှုပ်ရှားမှု (၆၀၀) နှင့်ဆွေးနွေးဟောပြောသူ (၁၀၀) ဦးထက်မနည်းပါဝင်ကြောင်း သိရှိရပါသည်။ ၂၀၂၀ ကုန်စည်ပြပွဲတွင် ဩစတြေးလျနိုင်ငံ၏ ပါဝင်မှုမှာ အရှေ့အလယ် ပိုင်းရှိ ဩစတြေးလျ၏ အနီးကပ်ဆုံး မိတ်ဖက်နိုင်ငံဖြစ်သည့် ယူအေအီးနှင့် ဆက်ဆံရေးကို ပိုမိုကြီးထွားစေပြီး၊ ဩစတြေးလျကုမ္ပဏီများသည် ယူအေအီးတွင် ဗိသုကာ၊ ဆောက်လုပ်ရေး၊ Software နှင့် ထောက်ပံ့ပို့ဆောင်ရေး စသည့်ကဏ္ဍများအပါအဝင် ကုန်စည်ပြပွဲနှင့်ပတ်သက်သော စာချုပ်တန်ဖိုး ဒေါ်လာသန်း ၁၇၀ ကျော်တန်ဖိုး ရရှိထားကြောင်းနှင့် ကုန်စည်ပြပွဲမှာ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.gov.au

Category: International News